မြန်မာယန်စီကော့ပါးလီမီတက်မှ ကြိုဆိုပါသည်။
မြန်မာနိုင်ငံ၏ နံပါတ် တစ် ကြေးနီသတ္တုတွင်းတစ်ခု၏ သမိုင်းအချက်အလက်များ၊ လက်ရှိဖြစ်ပျက်နေသော သတင်းများ နှင့်တကွ ကျွန်ုပ်တို့၏ ၂၀၁၇ − ၂၀၁၈ ခုနှစ်အတွက် Sustainability Report နှင့်အတူ ၂၀၁၉ − ၂၀၂၀ ခုနှစ်အတွက် နိုင်ငံတကာ စံချိန်၊ စံညွှန်းများ နှင့်အညီ ချမှတ်ထားသည့် လုပ်ငန်းအစီအစဉ်များ၊ ရှေ့ဆက်လုပ်ဆောင်သွားမည့် အစီအစဉ်များကို တင်ဆက်ဖော်ပြသွားမည် ဖြစ်ပါသည်။ MYTCL သည် သတ္တု တူးဖော်၊ ထုတ်လုပ်မှုလုပ်ကိုင်သော အပြည်ပြည်ဆိုင်ရာ လုပ်ငန်းစုကြီးတစ်ခု ဖြစ်ပြီး ဒေသခံမြန်မာဝန်ထမ်းများ၏ အကျိုးစီပွား၊ အမျိုးသား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကတိကဝတ်များ၊ ဒေသခံလူ့အဖွဲ့အစည်းများ နှင့် ယဉ်ကျေးမှုဓလေ့စရိုက်များ စသည်တို့၏ ရေရှည်တည်တံ့ခိုင်မြဲမှုကို အစဉ်အလေးထား လုပ်ဆောင်လျက်ရှိပါသည်။
ကျွန်ုပ်တို့ မြန်မာယန်စီကော့ပါးလီမီတက်၏ တိုးမြှင့်ပြုပြင်ထားသော ဝက်ဆိုက်မှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါသည်။ မုံရွာဒေသ၏ နံပါတ် တစ် ကြေးနီသတ္တုတွင်း မှ ကြေးနီသတ္တုရိုင်းများအား ကြေးနီသတ္တု သန့်စင်ထုတ်လုပ်မှု လုပ်ဆောင်နေသည့် စက်မှုလုပ်ငန်းတစ်ခုအဖြစ် ကျွန်ုပ်တို့ ပူးပေါင်းပါဝင်လုပ်ဆောင်နေသော တိုင်းပြည်၏ အလှတရားများကို မျှဝေရန် နှင့် တာဝန်ယူမှုရှိသော သတ္တုတူးဖော် ထုတ်လုပ်ရေးလုပ်ငန်းတစ်ခု အနေဖြင့် လူမှုရေးဆိုင်ရာ နှင့် ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအရာများကို ကာကွယ်ထိန်းသိမ်းလုပ်ဆောင်နေမှုများအား အလေးပေးဖော်ပြရန်မှာ ကျွန်ုပ်တို့ကြိုးစားအားထုတ်မှု၏ ရည်ရွယ်ချက်ပင် ဖြစ်ပါသည်။
ကျွန်ုပ်တို့၏ လုပ်ဆောင်မှုများ၊ လုပ်ဆောင်မှုအစီအစဉ်များ၊ အနာဂတ်စီမံကိန်းအစီအစဉ်များ နှင့်ပတ်သက်၍ သင်တို့၏ အတွေးအမြင်များ၊ ထင်မြင်ချက်များ (သို့မဟုတ်) မှတ်ချက်များကို မျှဝေပေးရန်အတွက် နိုင်ငံတကာမှ မိတ်ဆွေများ၊ လုပ်ဖော်ကိုင်ဖက်များ၊ မိသားစုဝင်များ နှင့် ဝေဖန်အကဲဖြတ်သူများကို လှိုက်လှဲစွာ ကြိုဆိုပါသည်။ MYTCL သည် ကျွန်ုပ်တို့၏ ဝန်ထမ်းများအတွက် သာမက ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်လူ့အဖွဲ့အစည်းများအတွက်ပါ တံခါးဖွင့်မူဝါဒ ကို ကျင့်သုံးလျက် ရှိပါသည်။... ဆက်ဖတ်ရန်
Strategy Report 2019-2020
ကျွန်ုပ်တို့အကြောင်း
ကျွန်ုပ်တို့၏ ကုမ္ပဏီ နှင့် ကျွန်ုပ်တို့၏ စီးပွားရေးဆိုင်ရာ ကျင့်ဝတ်များ
နောက်ဆုံးရ သတင်းများ နှင့် လူမှုရေးဆိုင်ရာလုပ်ဆောင်မှုများ

ကျွန်ုပ်တို့၏ ချဉ်းကပ်မှု နည်းစနစ်များ
ကျွန်ုပ်တို့၏ လူမှုရေးဆိုင်ရာ နှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပါဝင်လုပ်ဆောင်မှုများက ဘာတွေလဲ။
မဟာဗျူဟာကျ ပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ယူလုပ်ဆောင်မှု

အုပ်ချုပ်မှုစနစ် နှင့်် ကြုံတွေ့လာနိုင်သောဆိုးကျိုး စီမံခန့်ခွဲမှု

ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှု
ကျွန်ုပ်တို့၏ စွမ်းဆောင်ရည်
ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်လူ့အဖွဲ့အစည်း
CSR နှင့် ဖွံ့ဖြိုးတိုးတက်မှု

စုစုပေါင်း ၂၅၂၅ ဟက်တာ
အနက် ၁၀၀၂.၃၅ ဟက်တာ
37.77%
တစ်ဆင့်ခြင်း တိုးမြှင့်လုပ်ဆောင်လျက်ရှိသော ရေရှည်တည်တံ့ခိုင်မြဲသည့် မိုင်းပိတ်သိမ်းမှု
သတ္တုတူးဖော်မှုအတွက် မလိုအပ်သော မြေနေရာများ၏ ဂေဟစနစ်ကို ထိန်းသိမ်းထားခြင်း၊ သတ္တုတူးဖော်မှုပြီးစီးသွားသော မြေနေရာများတွင် ပြန်လည်ပြုပြင်ကုစားမှုများ လုပ်ဆောင်ခြင်း စသည်တို့သည် MYTCL ၏ တစ်ဆင့်ခြင်း တိုးမြှင့်လုပ်ဆောင်လျက်ရှိသော မိုင်းပိတ်သိမ်းမှု မဟာဗျူဟာပင် ဖြစ်ပါသည်။

CSR အကောင်အထည်ဖော်လုပ်ဆောင်ခြင်း
စုစုပေါင်း ရံပုံငွေ USD ၇၀၀,၀၀၀

USD ၈၁၇,၄၄၈,၇၄၉
အနက် USD ၃၈၆,၀၇၄,၃၁၁
47.23%
ပြည်တွင်း
52.77%
ပြည်ပ
ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်လူ့အဖွဲ့အစည်းအတွက် ထောက်ပံ့ပေးမှု
MYTCL စီမံခန့်ခွဲမှုဆိုင်ရာ ထိပ်ဆုံးပိုင်းမှ သူများသည် ကုန်ပစ္စည်းများ နှင့် ဝန်ဆောင်မှုများ ငှားရမ်းဝယ်ယူရာတွင် ဖြစ်နိုင်သမျှ ပြည်တွင်း စက်ရုံများ၊ စက်မှုလုပ်ငန်းများ နှင့် ကန်ထရိုက်တာများ ထံမှ ရယူရန်အတွက် ဆက်လက်အလေးအနက်ထား လုပ်ဆောင်လျက်ရှိပါသည်။
လက်တလော CSR ဆိုင်ရာ သတင်းများ နှင့် လူမှုအဖွဲ့အစည်းများသို့ လှူဒါန်းမှုများ
သက်သေခံပြောကြားမှုများ
ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်လူ့အဖွဲ့အစည်းများ ကျွန်ုပ်တို့အကြောင်း ဘာတွေပြောနေလဲ။

ဆရာတော် ဦးကောဝိဒ
ထနောင်းကုန်းရွာ
"MYTCL ဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်း နှင့် ကိုယ်တော်တို့ ဒေသရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် တာဝန်ယူမှုရှိစွာ လုပ်ဆောင်ပေးနေပါတယ်။

ဦးမြင့်သန်းဆွေ
ကံကုန်းရွာ
"ကျွန်တော်တို့ MYTCL နှင့် ပူးပေါင်း လုပ်ဆောင်နေတာတွေနဲ့ပတ်သက်ပြီး အားလုံးအတွက် ကောင်းစေမယ့်အရာတွေ ကို လုပ်နေတယ်ဆိုတာကို ကျွန်တော် ယုံကြည်မှုအပြည့်ရှိပါတယ်။

ဦးကျော်မိုး
ရေကြည်ပင်ရွာ
"အရင်တုန်းက လျှပ်စစ်မီး ရဖို့ဆိုတာ စိတ်ကူးတောင်မယဉ်နိုင်ခဲ့ပါဘူး။ MYTCL ဟာ ကျွန်တော်တို့အတွက် ရေရှည်တည့်တံ့တဲ့ စွမ်းအင်ကို ယူဆောင်လာပေးပြီး ယခင်က အမှောင်ဖုန်းနေတဲ့ အချိန်တွေမှ လွတ်မြောက်စေခဲ့ပါတယ်။