ကျွန်ုပ်တို့၏ မြန်မာယန်စီမှ CSD / CSR အဖွဲ့သည် ရွာသားများ၏လိုအပ်ချက်နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်သောအရာများကိုအမြဲတမ်းရှာဖွေနေလျက်ရှိပါသည်။ မြစိမ်းကျေးရွာသည်ရွာငယ်လေးဖြစ်ပြီးယမားချောင်းနှင့်မြရိပ်ကျေးရွာကြားတွင်တည်ရှိပါသည်။ မြစိမ်းကျေးရွာသည် ဖွံ့ဖြိုးမှုနောက်ကျသောကျေးရွာတစ်ရွာ ဖြစ်ပြီး ရွာသူရွာသားအများစုသည် ရိုးသားပြီးတစ်ဦး ကိုတစ်ဦး ကူညီကြပြီးရပ်ရွာကိစ္စဆောင်ရွက်ရာတွင်လည်း အင်တိုက်အားတိုက်ဆောင်ရွက် ကြပါသည်။ ကျွန်ုပ်တို့၏ CSD / CSR လှူဒါန်းမှုအစီအစဉ်အရ၊ ဤမြစိမ်းကျေးရွာအား နှစ်စဉ် သင့်လျော်သည့် ဘတ်ဂျက်ပမာဏကို မြန်မာယန်စီနှင့် မြန်မာဦးပိုင်မှ ၎င်းတို့ကျေးရွာဖွံ့ဖြိုးတိုးတက်မှု အတွက်ထောက်ပံ့ပေးလျက်ရှိပါသည်။