ယခုနှစ် ၂၀၁၈-၂၀၁၉ CSD/CSR ဘတ်ဂျက်မှ ထိုလိုအပ်သော ကျေးရွာပိုင်မြေဝယ်ယူခြင်းနှင့် ထိုဝယ်ယူထားသောမြေကွက်အတွက် ခြံစည်းရိုးကာရံခြင်းလုပ်ငန်း လုပ်ဆောင်ရန်အတွက် ၅ဦးကော်မတီနှင့်ကျေးရွာအုပ်ချူပ်ရေးမှူးတို့ စုပေါင်းကာ မြန်မာယန်စီသို့တောင်းဆိုခဲ့ကြပါသည်။ထိုတောင်းဆိုမှုအတွက် မြန်မာယန်စီ နှင့် အများနှင့်ဆိုင်သောမြန်မာစီးပွားရေးဦးပိုင်လီမိတက်မှ ပူးပေါင်းကာ လှူဒါန်း ပေးခဲ့ပါသည်။ ဤလုပ်ငန်းကို ကျေးရွာမှ ရွေးချယ်ထားသော ၅ ဦးကော်မတီမှ ဦးစီး ဆောင်ရွက်ခဲ့ရာ စုစုပေါင်း မြန်မာငွေကျပ် ၁၂,၇၃၃,၈၅၁ ကျပ်ကုန်ကျခဲ့ပါသည်။ယခုအခါတွင် မြေဝယ်ယူခြင်းနှင့် ခြံစည်းရိုးခတ်ခြင်းမှာ ပြီးစီးခဲ့ပြီဖြစ်ပါသည်။

