ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရန် အတွက် အကောင်းဆုံးနည်းလမ်းများမှာ လက်ဆေးခြင်း၊ တစ်ဦးနှင့်တစ်ဦး (၃)ပေအကွာမှနေခြင်း၊ လူထူထပ်သောနေရာများကို ရှောင်ရှားခြင်း၊ အများပြည်သူနေရာများတွင် maskတပ်ခြင်းတို့ ဖြစ်ပါသည်။
ကျွန်တော်တို့ မြန်မာယန်စီကုမ္ပဏီအနေဖြင့်လဲ ဤအကျပ်အတည်းကာလတွင် ကာကွယ်ပုံနည်းလမ်းများ နှင့် ပညာပေးဗီဒီယိုကို ကုမ္ပဏီရှိဝန်ထမ်းများနှင့် ဘေးပတ်ဝန်းကျင်ရှိကျေးရွာများအား ဖြန့်ဝေပေးခဲ့ပါသည်။ ကျွန်ုပ်တို့ကုမ္ပဏီသည် ဝန်ထမ်းများအားmaskများ၊ လက်ဆေးဆပ်ပြာရည်များနှင့် အကာကွယ်သုံးပစ္စည်းများကို ပေးအပ်ထားပြီးဖြစ်ပါသည်။ကျွန်တော်တို့ ပတ်ဝန်းကျင်ရှိကျေးရွာများကိုလဲ maskများ၊ အပူချိန်တိုင်းကိရိယာ၊ မျက်မှန်နှင့် လက်ဆေးဆပ်ပြာရည် ကဲ့သို့သော အကာအကွယ်သုံးပစ္စည်းကိရိယာများကို ထောက်ပံ့ပေးရန်လိုအပ်ပါသည်။ COVID-19ရောဂါ ကာကွယ်ခြင်းအတွက် အကောင်းဆုံးသောအလေ့အကျင့်များမှာ လက်ကိုဆပ်ပြာဖြင့်ဖြစ်စေ၊ အရက်ပျံပါဝင်သော လက်ဆေးဆပ်ပြာရည်ဖြင့်ဖြစ်စေပွတ်ခြင်း နှင့်၊ mask ဝတ်ဆင်ခြင်း တို့ဖြစ်ပါသည်။ မြန်မာယန်စီကြေးနီသတ္တုတွင်း CSD / CSR စီမံကိန်းတွင် ကျေးရွာ ၁၈ ရွာပါဝင်ပါသည်။ ကျေးရွာ ၁၈ရွာအတွက် ရွာတစ်ရွာလျှင် mask ၁၀၀၀၊ အပူချိန်တိုင်းကိရိယာ ၁ခု၊ လက်ဆေးဆပ်ပြာရည် အခု၂၀နှင့် မျက်မှန် ၂ခုတို့ကို ယနေ့ဧပြီလ ၁၀ရက် နေ့တွင် လှူဒါန်းခဲ့ပါသည်။ ကျွန်တော်တို့ ကုမ္ပဏီသည် ဝန်ထမ်းများနှင့် အနီးရှိ ကျေးရွာများအား တတ်နိုင်သမျှ လှူဒါန်းကူညီသွားပါမည်။