ရပ်ရွာဖွံ့ဖြိုးတိုးတက်မှုကိုမြှင့်တင်ခြင်းသည် မြန်မာယန်စီ အတွက်အဓိက ဦး စားပေးလုပ်ငန်းတစ်ခုဖြစ်သည်။ မြန်မာယန်စီနှင့် မြန်မာဦးပိုင်ကုမ္ပဏီတို့သည် သတ္တုတွင်းနေရာအနီးရှိကျေးရွာများ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆာင်ပေးရန် တာဝန်ရှိပါသည်။ မြန်မာယန်စီသည်ရပ်ရွာလူထု၏ဖွံ့ဖြိုးတိုးတက်မှုကို အမြဲဦးစားပေးစဉ်းစားပါသည်။ CSR ၁၈ရွာရှိသည့်အနက် မြစိမ်းကျေးရွာသည် ယမားချောင်းဘေးတွင်တည်ရှိသော ရွာတစ်ရွာဖြစ်ပါသည်။
လူမှုရေးဆိုင်ရာလုပ်ငန်းများလုပ်ကိုင်ရန်အတွက် ထိုကျေးရွာတွင် အဆောက်အဦးနှင့် နေရာလိုအပ်လျက်ရှိပါသည်။ ထိုလိုအပ်ချက်ကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးဦးငွေနှင့် ၅ဦး ကော်မတီတို့မှ မြန်မာယန်စီအား ထိုလိုအပ်သောမြေနှင့်အဆောက်အဦး ဝယ်ရန်တောင်းဆိုခဲ့ပါသည်။၂၀၁၈-၂၀၁၉ဘဏ္ဍရေးနှစ်တွင် ၃၅ပေ ပတ်လည်မြေနေရာဝယ်ယူခြင်းနှင့် အကျယ်၂၇ပေ အရှည်၂၄ပေ ရှိသော လူမှုရေးသုံးအဆောက်အဦးကို ၂၀၁၈-၂၀၁၉ CSD/CSR ဘတ်ဂျတ်မှ အသုံးပြုခဲ့ပါသည်။ထိုလူမှုရေးသုံးအဆောက်အဦးသည် ရွာ၏အဝင်ဝတွင် တည်ရှိပါသည်။ ထိုလုပ်ငန်းများကို မေလ ၃၁ရက် ၂၀၁၉ တွင်စတင်ဆောက်ရွက်ခဲ့ပြီးယခုအခါပြီးစီးသွားပြီဖြစ်ပါသည်။စုစုပေါင်းကုန်ကျစရိတ်မှာ မြန်မာကျပ်ငွေ ၈,၉၄၂,၉၈၃ ဖြစ်ပါသည်။