အေးကုန်းကျေးရွာ ကျောင်းဆောက်လုပ်ခြင်း

ayegoneschool 01

ပညာရေးကကျွန်ုပ်တို့ပတ်ဝန်းကျင်နှင့်ပတ်သက်သောအသိပညာကိုပေးပြီး ပိုမိုကောင်းမွန်သောအရာ အဖြစ်ပြောင်းလဲစေသည်။ ပညာရေးသည်ကောင်းမွန်သော ကျန်းမာသည့် ဘ၀ ကိုပိုင်ဆိုင်ရန်ကူညီပေးပါသည်။ ရပ်ရွာဖွံ့ဖြိုးရေးနှင့်ပညာရေးတိုးတက်မှုသည် CSR ကျေးရွာများအတွက်အမြဲတမ်း ဦးစားပေးလုပ်ငန်း တစ်ခုဖြစ်သည်။ အေးကုန်းကျေးရွာသည်မြန်မာယန်စီကုမ္ပဏီ၏ CSR ကျေးရွာတစ်ရွာဖြစ်ပါသည်။

အေးကုန်း ကျေးရွာသည် ထနောင်းကုန်းကျေးရွာအနီးတွင်တည်ရိုပါသည်။ အေးကုန်းကျေးရွာသည် သတ္တုတူးဖော်ရေးလုပ်ငန်းများနှင့်ဝေးကွာပြီး စံပယ်တောင် ကြေးစင်တောင်စီမံကိန်း ကြောင့် အကျိုးသက်ရောက်မှုမရှိပါ။ သို့သော် မြန်မာယန်စီ သည် CSD / CSR စီမံကိန်းမှလိုအပ်သောအရာများကိုလှူဒါန်းပါသည်။အေးကုန်းကျေးရွာ တွင် တက်ရောက်နေကြသောကျောင်းသားကျောင်းသူများ များပြားလာမှုကြောင့် ယခုတည်ရှိသော အခြေခံပညာမူလတန်းကျောင်း တွင် လုံလောက်သော စာသင်ခန်း နေရာပေးနိုင်ခြင်းမရှိဖြစ်နေပါသည်။ အေးကုန်းအုပ်ချုပ်ရေးမှူး ဦးသိန်းမင်းဦး သည် အဖွဲ့ဝင်၅ ဦး ပါသော CSRကော်မတီနှင့်ညှိနှိုင်းပြီးကျေးရွာကိုယ်စား ကျောင်းအဆောက်အဦးဆောက်လုပ် လှူဒါန်းရေး အတွက် မြန်မာယန်စီနှင့်မြန်မာဦးပိုင် တို့အား၂၀၁၈-၂၀၁၉ ဘတ်ဂျက်မှလှူဒါန်းရန် ကျေးရွာကိုယ်စားတောင်းဆိုခဲ့ပါသည်။ မြင့်ကျော်ဇောဟိန်းကုမ္ပဏီသည်ဤစီမံကိန်းကို ၂၀၁၉ ခုနှစ်မေလ (၇) ရက်နေ့တွင်အဓိကတည်ဆောက်ခဲ့ပြီးယခုအောင်မြင်စွာပြီးစီးခဲ့သည်။အဆောက်အဦးအကျယ်အဝန်းမှာ ၆၀ ပေ နှင့် ပေ၃၀ ရှိပါသည်။ဒီဆောက်လုပ်ရေးအတွက်စုစုပေါင်းကုန်ကျစရိတ် မှာ အမေရိကန်ဒေါ်လာ ၇၂၆၉.၇၇ ကုန်ကျခဲ့ပါသည်။

ayegoneschool 02

ayegoneschool 03
ayegoneschool 04

Strategy Report 2019-2020

 

MYTCL Logo Footter

Please publish modules in offcanvas position.