လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့် စံပယ်တောင်၊ကြေးစင်တောင် ကြေးနီစီမံကိန်း အနီးဝန်းကျင်ကျေးရွာများတွင် COVID-19 ရောဂါများ စတင်ပြန့်ပွားလျက်ရှိသဖြင့် ကျေးရွာများတွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် Sodium Hypochlorite (Bleaching Liquid) များ မဖြစ်မနေလိုအပ်လျက်ရှိပါသည်။
ထိုပစ္စည်းများအတွက် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း အနီးဝန်းကျင်ကျေးရွာ ၃၃ ရွာနှင့် ဘုန်းကြီးကျောင်း ၅၀ အတွက် ခန့်မှန်းကုန်ကျငွေမှာ ငွေကျပ် (၅၅) သိန်းခန့်နှင့် စံပယ်တောင်၊ကြေးစင်တောင် ကြေးနီစီမံကိန်း အနီးဝန်းကျင်ကျေးရွာ ၁၈ရွာ နှင့် ဘုန်းကြီးကျောင်း ၃၀ အတွက် ခန့်မှန်းကုန်ကျငွေမှာ ငွေကျပ် (၃၂)သိန်းခန့် ကုန်ကျမည်ဖြစ်ပါသည်။ ထို ပစ္စည်းများကို မြန်မာယန်စီ၊ မြန်မာဝမ်ဘောင်နှင့် မြန်မာ့စီးပွားရေးဦးပိုင်တို့ ပူးပေါင်းပြီး အောက်တိုဘာ ၂၆ ရက်နေ့တွင် လှူဒါန်း ခဲ့ခြင်းဖြစ်ပါသည်။ မြန်မာယန်စီ သည်ဤ Covid-19 ကူးစက်ရောဂါဖြစ်ပွားစဉ်ကာလအတွင်း တတ်နိုင်သမျှရပ်ရွာလူထုများအား စဉ်ဆက်မပြတ်နှင့်တက်ကြွစွာကူညီပံ့ပိုးပေးနေမည်ဖြစ်ပါသည်။

