ကံကုန်းရွာတွင် ကွန်ကရစ်လမ်းလှူဒါန်းခြင်း

kangon concrete road 01

ရွာတိုင်းအတွက် လမ်းများသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုရေးခံစားခွင့်များအတွက် အလွန်အရေးပါပါသည်။ S&K ဧရိယာ၏ဘေးတွင်တည်ရှိသော ကံကုန်းကျေးရွာသည် မြန်မာယန်စီ၏ အဖွဲ့အစည်းတွင်အမြဲတမ်း ဦးစားပေးသောရွာတစ်ရွာဖြစ်ပါသည်။ နှစ်စဉ် မြန်မာယန်စီသည်ကျေးရွာ ၁၈ ရွာအတွက်လိုအပ်သော CSR နှစ်စဉ်ဘတ်ဂျက်ကိုထောက်ပံ့ပေးလျက်ရှိပါသည်။ ဒီနှစ်တွင် ကိုဗစ်၁၉ကပ်ရောဂါကြောင့် လူစုလူဝေးများ ရှောင်ရှားရန်အတွက် CSR လုပ်ငန်းများ နှောင့်နှေးခဲ့ရပါသည်။

နှစ်စဉ်ဘတ်ဂျက်မှ ရပ်ရွာလူထုအတွက် မည်သည့်စီမံကိန်းကအဓိက ဖြစ်ကြောင်းဆုံးဖြတ်ရန်အတွက် ကော်မတီမှာတာဝန်ရှိပါသည်။ ၂၀၁၉-၂၀၂၀ ဘတ်ဂျက်နှစ်အတွက် ကံကုန်း ကျေးရွာအုပ်ချူပ်ရေးမှူးနှင့်အတူ(၅)ဦးကော်မတီများ၊ကျေးရွာ တာဝန်ရှိသူများနှင့် စုပေါင်းတိုင်ပင်ပြီး နှစ်စဉ်လှုဒါန်းသည့် ရန်ပုံငွေမှ ကျေးရွာအတွက် ကွန်ကရစ်လမ်းဆောက်လုပ်လှုဒါန်းပေးရန် မြန်မာယန်စီကုမ္ပဏီနှင့် မြန်မာ့စီးပွားရေးဦးပိုင်သို့ တောင်းဆိုခဲ့ပါသည်။ CSR ရန်ပုံငွေများသည် ၎င်းတို့ကျေးရွာ CSR / CSDစီမံကိန်းများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် လှူဒါန်းရန်ဖြစ်ပါသည်။

ဤတောင်းခံမှုအတွက်ကျေးရွာ၏ဝင်ပေါက်လမ်း အတွက်အရှည် ၁၅၀၀ ပေနှင့် ၂၂ ပေအကျယ်၊ ကျေးရွာအဓိကဆက်သွယ်ရေးလမ်းအတွက် ၇၀၀ ပေအရှည်နှင့် ၂၃ ပေအကျယ်ရှိလမ်းနှင့်ပေ ၉၀၀ အရှည်နှင့် ၁၆ ပေအကျယ်ရှိ ကျေးရွာဝင်ခွင့်လမ်းကို တည်ဆောက်ခဲ့ပါသည်။ အခြေခံအဆောက်အအုံအတွက် အလှူငွေများထည့်သွင်းစဉ်းစားရာတွင် မြန်မာယန်စီ ၏ ဦးစားပေးမှုမှာ CDD - Community-Driven Development ကိုလွယ်ကူချောမွေ့စေရန် ဆောက်လုပ်ရေးကန်ထရိုက်ကိုအဖွဲ့ဝင် ၅ ဦး ပါကော်မတီသို့တိုက်ရိုက်ပေးခဲ့ပါသည်။ ထိုသို့ပြုလုပ်ခြင်းသည် ရပ်ရွာလူထုအား အကျိုးပြုစေပါသည်။ ယခုလမ်းအား စုစုပေါင်းအမေရိကန်ဒေါ်လာ ၅၆၀၀၀ ကုန်ကျပြီးဖြစ်ပါသည်။


kangon concrete road 02

kangon concrete road 03
kangon concrete road 04

Strategy Report 2019-2020

 

MYTCL Logo Footter

Please publish modules in offcanvas position.