နှုတ်ခွန်းဆက်လွှာ ဦးဆောင်ညွှန်ကြားရေးမှူး

mytcl managing director
မဟာဗျူဟာဆိုင်ရာ ကျွန်ုပ်တို့၏ ရည်မှန်းချက်များကို ဖမ်းဆုပ်ရယူခြင်း
ကျယ်ပြန့်သောဆွေးနွေးညှိုနှိုင်းမှုများ၊ ပူးပေါင်းလုပ်ဆောင်မှုများ နှင့် အကျိုးအမြတ်မျှဝေမှုများကို ဖော်ဆောင်ခြင်း
ပတ်သက်ဆက်နွယ်သူများ နှင့် ဆက်နွယ်သောအဖွဲ့အစည်းများအားလုံးအတွက် နှစ်ဦးနှစ်ဖက် အကျိုး အမြတ်ရရှိစေနိုင်သော တန်ဖိုးများကို အမှန်တကယ်ရရှိအောင်ဖော်ဆောင်ခြင်း
 ကျွန်ုပ်တို့ဝန်ထမ်းများအားလုံး၏ အတူတကွအားထုတ်လုပ်ဆောင်မှုဖြင့် တင်ဆက်လိုက်ရသော ကျွန်ုပ်တို့၏ အကျိုးပြုလုပ်ငန်းများရေရှည်ထိန်းထားနိုင်မှုဆိုင်ရာ ဆဋ္ဌမအကြိမ်ထုတ်အစီရင်ခံစာမှ ကြိုဆိုပါသည်။ ယခုအခါတွင် ကျွန်ုပ်တို့သည် စံပယ်တောင်နှင့်ကြေးစင်တောင်စီမံကိန်းတွင် သတ္တုတူးဖော်မှုများ လုပ်ဆောင်နေသည်မှာ ၇ နှစ်ထဲသို့ ဝင်ရောက်လာပြီ ဖြစ်ပါသည်။ ထိုအရာသည် ကျွန်ုပ်တို့၏ မြန်မာနိုင်ငံ သားဝန်ထမ်းများအတွက် သာမက ကျွန်ုပ်တို့မှ တန်ဖိုးထားရပြီး ကျွန်ုပ်တို့နှင့် ပူးပေါင်းလုပ်ဆောင်မှုများ၊ ဆက်သွယ်ပြောဆိုမှုများလုပ်ဆောင်လျက်ရှိသော ပတ်ဝန်းကျင်လူထုအဖွဲ့အစည်းများအတွက်ပါ ကောင်းမွန်ထိုက်တန်သော အကျိုးရလဒ်တစ်ခုဖြစ်ပါသည်။
ပြီးခဲ့သည့်နှစ်များအတွင်းတွင် ကျွန်ုပ်တို့သည် ဆက်လက်တိုးတက်မှုများကို အတူတကွလုပ်ဆောင်နိုင်ခဲ့ကြ သလို ကြေးနီဈေးနှုန်းကျဆင်းမှု၊ မတည်ငြိမ်မှု တို့နှင့်ဆက်စပ်ဖြစ်ပေါ်လာသော သတ္တုတူးဖော်ရေးလုပ်ငန်း၏ အဆုံးမရှိ၊ ပြင်းထန်သောမုန်တိုင်းများအကြားတွင်လည်း အတူတကွရုန်းကန်ခဲ့ကြရပါသည်။ တကယ့်ကို အသိအမှတ်ပြုဖွယ်ရာအဖွဲ့တစ်ခုအဖြစ် တစ်သားတည်းပေါင်းစည်းပြီး ကြုံတွေ့လာသောအခက်အခဲများကို ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ကြပါသည်။ ကျွန်ုပ်တို့ဝန်ထမ်းများအားလုံး၏ကြိုးပမ်းအားထုတ်မှု၊ ထက်မြက်သော အသိဉာဏ်ပညာ နှင့် တမူထူးခြားသော ကျွန်ုပ်တို့အဖွဲ့အစည်းရှိကျွမ်းကျင်မှုအရည်အသွေးများ၏ ရောင်ပြန် ဟပ်မှုအနေဖြင့် ထိုသို့သောအခက်အခဲများအကြားမှ ရှင်သန်ရပ်တည်နိုင်ခဲ့ပြီး ပတ်သက်ဆက်နွယ်သော အဖွဲ့အစည်းများအားလုံးအတွက် အကျိုးအမြတ်များရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါသည်။
သိပ္ပံနှင့်နည်းပညာဆိုင်ရာဆန်းသစ်တီတွင်မှုများတွင် မဆုတ်မနစ်သောယုံကြည်မှုများခိုင်ခိုင်မာမာထားရှိ လုပ်ဆောင်ခဲ့ခြင်းဖြင့် ထုတ်လုပ်မှုတိုးမြှင့်နိုင်ခဲ့ခြင်း နှင့် ကုန်ကျစရိတ်လျှော့ချနိုင်ခဲ့ခြင်းများနှင့်အတူ ကျွနု်ပ်တို့၏လုပ်ငန်းလုပ်ဆောင်မှုများအား အကောင်းမွန်ဆုံးအခြေအနေသို့မြှင့်တင်ခဲ့ပြီး အသိအမှတ်ပြုရ မည့် အောင်မြင်မှုများကို ရရှိခဲ့ပါသည်။ ၂၀၁၇ခုနှစ်အတွင်းတွင် အမျှော်အမြင်ရှိသောရင်းနှီးမြှပ်နှံမှုအဖြစ် လွန်တူးစမ်းသပ်မှု မီတာ ၃၀၀၀၀ တိုးချဲ့လုပ်ဆောင်ခဲ့ခြင်းဖြင့် ကြေးနီသတ္တုရိုင်းအရင်းအမြစ်များကို ထပ်မံဖော်ထုတ်နိုင်ခဲ့ပြီး ကျွန်ုပ်တို့သတ္တုတွင်း၏သက်တမ်း နှင့် MYTCL ၏ အနာဂတ်ကို တိုးမြှင့်နိုင်ခဲ့ပါ သည်။
 ကျွန်ုပ်တို့သည် Chinese Academy of Sciences နှင့် ပူးပေါင်းပြီး အပေါင်းဖက်ဆောင်သော လုပ်ဆောင်မှု အနေဖြင့် သတ္တုပျော်ရည်ထုတ်ယူသောသတ္တုရိုင်းပုံများအကြား ယခင်ခေတ်အဆက်ဆက်က ထားရှိခဲ့သော သတ္တုရိုင်းပုံများမှနေ၍ ကြေးနီပြန်လည်ထုတ်ယူနိုင်ခဲ့ပြီး မဖြစ်နိုင်ဟုထင်ရသောအရာများကို ဖြစ်လာအောင် လုပ်ဆောင်နိုင်ခဲ့ပါသည်။ ထို့အပြင် One Belt - One Road ပညာသင်ဆုများကို ပေးအပ်ခဲ့ပြီး MYTCL ၏ ထူးချွန်သောဝန်ထမ်းများကို Chinese Academy of Sciences တွင် ပညာသင်ကြားနိုင်စေမည့် အခွင့် အလမ်းများကို နှစ်စဉ်ဖော်ဆောင်ပေးလျက်ရှိပါသည်။
ဤအောင်မြင်နေသောကုမ္ပဏီ၏ ဥက္ကဌ နှင့် ဦးဆောင်ညွှန်ကြားရေးမှူးတစ်ယောက်အနေဖြင့် ကျွန်ုပ်သည် ကျွန်ုပ်တို့၏ ရင်းနှီးမြှပ်နှံသူများ နှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ ပြည့်ဝခိုင်မာသောထောက်ပံ့ပေးမှုများ နှင့်အတူ ကျွန်ုပ်တို့ယန်စီဝန်ထမ်းများအားလုံးသည် ထွန်းလင်းတောက်ပနေသောအနာဂတ်ကိုဖန်တီးရန် အတွက် မဆုတ်မနစ်ကြိုးပမ်းကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ အကြား ရင်းနှီးကျွမ်းဝင်သောဆက်ဆံရေးကို ရေရှည်ထိန်းထားနိုင်ရန်အတွက် ချစ်ခင်ရင်းနှီးစွာ အတူပူးပေါင်းဆောင်ရွက်ကြလိမ့်မည်ဟု လေးလေးနက်နက်ယုံကြည်ပါသည်။
Zhang Yupeng
ဦးဆောင်ညွှန်ကြားရေးမှူး နှင့် ဥက္ကဋ္ဌ
Myanmar Yang Tse Copper Limited
 

Strategy Report 2020-2021mytcl report 2021 250x351front View/Download here

 

MYTCL Logo Footter

Please publish modules in offcanvas position.